Drive

IMDB 5.8 အထိရရှိထားတဲ့ လျှိဝှက်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Drive ဆိုတဲ့ကိုရီးယားဇာတ်လမ်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။Han Yoo-Na ဆိုတဲ့ အမျိုးသမီးလေးဟာ လူအများအာရုံစိုက်ခံချင်ပြီးတော့ အွန်လိုင်းပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်မှုတွေပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ကြိုးစားမှုတွေကြောင့်ပဲ subscribers ၇သိန်းကျော်ရလာခဲ့ပြီး နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်လာပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ အမည်မသိလူတစ်ယောက်ရဲ့ပြန်ပေးဆွဲမှုကိုခံလိုက်ရပြီး ကားနောက်ဖုံးအခန်းထဲရောက်သွားပါတော့တယ်။ပြန်ပေးဆွဲသူက တစ်နာရီအတွင်း ဝမ် ၆၅၀ မီလီယံရအောင်ပိုက်ဆံရှာရမယ်လို ခြိမ်းခြောက်တဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရင်း ပိုက်ဆံရှာဖိုကြိုးစားတော့ပါတယ်။ဒါပေမဲ့ ပြန်ပေးသမားက ပိုက်ဆံရပြီးတာတောင် ပြန်မလွှတ်ဘဲ ဆက်တိုက်ခြိမ်းခြောက်မှုတွေပြုလုပ်လာချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ၊ပြန်ပေးသမားကရော ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်ပါ့မလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

You May Also Like