Exhuma

ပရိသတ်ကြီးမျှော်လင့်စောင့်စားနေတဲ့ သဘာဝလွန်ဇာတ်ကား Exhuma ကတော့ အခုဆိုအကြည်ဗားရှင်းထွက်ရှိလိုလာပါပြီ။ဒီဇာတ်ကားလေးဟာ တောင်ကိုရီးယားရဲ့ ၂၀၂၄ ခုနှစ် ဝင်ငွေအကောင်းဆုံးနေရာမှာ နံပါတ်တစ်ချိတ်ခဲ့ပြီးတော့ Baeksang Arts Awards မှာလည်း ဆုတွေတစ်သီကြီးချိတ်ဖို အလားအလာအရှိဆုံးဇာတ်ကားလေးဖြစ်နေပါတယ်။မှင်စာကားလေးထဲက ချစ်စဖွယ်မျက်နှာပိုင်ရှင် Kim Go-Eun၊The Glory  ဇာတ်ကားထဲက တည်ငြိမ်တဲ့မျက်နှာထားပိုင်ရှင် Lee Do-Hyun တိုကိုမြင်နေကျဇာတ်ရုပ်တွေကနေ ကွဲထွက်ပြီး နတ်ဆရာတွေအဖြစ်မြင်တွေ့ရမှာဖြစ်သလို အက်ရှင်ဇာတ်ကြမ်းတွေနဲ့မြင်ဖူးနေကျ Choi Min-Sik ကိုလည်း ဒီကားထဲမှာ ဂမ္ဘီရပညာတတ်မြောက်တဲ့ဖုန်ရွှင်းပညာရှင် အဖြစ်မြင်တွေ့ရမှာပါ။ဇာတ်လမ်းလေးက အမေရိကားမှာနေထိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေးမိသားစုတစ်ခုမှာ ထူးထူးဆန်းဆန်း သဘာဝလွန်ဖြစ်ရပ်တွေကြုံတွေ့လာရပါတယ်။ဒါကိုဖြေရှင်းဖို နတ်ဆရာအကူအညီနဲ့ ဘိုးဘေးဘီဘင်ရဲ့အုတ်ဂူကိုရွှေ့ဖို ဖြစ်လာပါတယ်။ဒီလိုအုတ်ဂူရွှေ့ရင်းနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာချိန်မှာတော့ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဟာ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာပါတော့တယ်။ဘယ်လိုမျိုးထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုးတွေ ဖြစ်ပေါ်လာမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

You May Also Like