Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    A Way Station

    ဒီတစ်ခါတင်ဆက်ပေးမှာကတော့ မျက်ရည်လွယ်သူ မကြည့်ရမယ့် ကိုရီးယားဒရမ်မာ ဇာတ်ကားလေးတစ်ကားပါ။ A Way Station ဆိုတာကတော့ ဘူတာရုံအိုလေး/ဘူတာရုံဟောင်းလေးတစ်ခုပေါ့။ 

    ဒီဇာတ်လမ်းထဲမှာတော့ 
    အသက်ရှင်လျက်နဲ့ မှတ်ဉာဏ်တွေ မှုန်ဝါး ပျောက်ဆုံးခံနေရတဲ့ အယ်လ်ဇိုင်းမားရောဂါသည် ကောင်လေး ဆွန်းဟွန်း နဲ့

    အစာအိမ်ကင်ဆာကြောင့် စက္ကန့်နဲ့အမျှ အသက်ရှူသံတွေ လျော့နည်း မှိန်ဖျော့လာတဲ့ ကင်ဆာရောဂါသည် ကောင်မလေး ဂျီအာ ။

    တစ်ယောက်က မမ်မိုရီတွေ ဆုံးရှုးခံနေရတာ
    တစ်ယောက်က ရှင်သန်ခြင်းတွေ ဆုံးရှုးခံနေရတာ။

    သူတိုနှစ်ယောက် အတူရှိချိန်က ခဏတာ
    သူတိုနှစ်ယောက် ဝေးကွာသွားမှာက တစ်သက်စာ။

    သတိရခြင်း နဲ့ မေ့ပျောက်ခြင်း
    ဦးနှောက်ထဲက မမ်မိုရီ နဲ့ နှလုံးသားထဲက ခံစားမှု။

    ဒီလို ဆန့်ကျင်ဘက် ကြားတွေ ကြားတွေထဲကနေ သွန်ကျလာမယ့် တူညီနေတဲ့ ခံစားမှုအဓိပ္ပါယ်တွေက သူတိုနှစ်ယောက်ရဲ့ကြားမှာ ဘယ်လို စိမ့်ဝင် အနည်ထိုင်ခဲ့လေမလဲ ။

    မှတ်ဉာဏ်တွေကို ဆုံးရှုးနေရင်း အရာရာကို တဖြေးဖြေးနဲ့ မေ့ပျောက်လာတဲ့ ရောဂါသည်ကောင်လေးနဲ့ လောကကြီးထဲက မကြာခင် အပြီးတိုင်စွန့်ခွာ ထွက်သွား‌ရတော့မှာကို သိနေတဲ့ ရောဂါသည် ကောင်မလေးတိုကြားက

    ရင်နာစရာ ဝေဒနာ အပိုင်းအစတွေကို နာကျင်မှု ကြေကွဲမှု နီးစပ်မှု ဝေးကွာမှု စတဲ့ ရိုက်ချက်‌တွေနဲ့ ပုံဖော်ရိုက်ကူးထားတာဖြစ်လို ဒီ A Way Station ဆိုတဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေးကိုလည်း မလွတ်တမ်း ကြည့်ရှုခံစားနိုင်ဖိုရာ ထပ်မံတင်ဆက်‌ပေးလိုက်ပါတယ်နော်။ 

    You May Also Like