Time to Hunt

ကိုးရီးယားနိုင်ငံက  ဘဏ္ဍာရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာပြီး အခြေခံလူတန်းစားတွေဖြစ်တဲ့ ဆင်းရဲသားတွေကလည်း ဆင်းရဲတွင်းနက်သထက်နက်လာခဲ့ရပါတယ်။ ကိုးရီးယားငွေစျေးနှုန်းတွေကလည်း ကျဆင်းလာပြီး  ဒေါ်လာနဲ့သာပေးချေရတဲ့အခြေအနေအထိကို ဖြစ်လာပါတယ်။ ဒီလိုခေတ်ပျက်ကြီးထဲမှာ ဂျွန်ဆော့က ထောင်ကနေလွတ်လာတဲ့လူငယ်တစ်ဦးပါ။ဂျွန်ဆော့မှာ မိသားစုလိုအရမ်းချစ်ခင်ရတဲ့ ဂျန်ဟိုနဲ့ဂီဟွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ဂီဟွန်းကလွဲလို ဂျန်ဟိုနဲ့ဂျွန်ဆော့က အားကိုးစရာမရှိတဲ့ တစ်ကောင်ကြွက်တွေဖြစ်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးက ခိုးမှု၊လုယက်မှုပြစ်မှုမှတ်တမ်းတွေ ကိုယ်စီရှိကြတဲ့သူတွေမို ပုံမှန်နေရာတွေမှာအလုပ်လုပ်လိုမရပါဘူး။ ဒီလိုအောက်ခြေလူတန်းစားဘဝမှာနေရတဲ့ဘဝကို မုန်းတီးလာရတဲ့ဂျွန်ဆော့က  ထောင်ထဲမှာသူသိကျွမ်းခဲ့ရတဲ့ လူတွေကနေတစ်ဆင့် အကူအညီယူပြီး လူးဆိုးဂိုဏ်းတစ်ခုကဦးစီးတဲ့ လောင်းကစားရုံတစ်ခုကို ဓားပြတိုက်ဖိုကြံစည်ပါတော့တယ်။ဂျန်ဟိုနဲ့ဂီဟွန်းကလည်း ဂျွန်ဆော့သေဆိုသေ၊ရှင်ဆိုရှင်မဲ့ သူငယ်ချင်းတွေဖြစ်တာမို သူငယ်ချင်းတွေစုပြီး ဓားပြတိုက်ကြတဲ့အချိန်မှာဘာတွေဖြစ်လာမလဲ?
ဓားပြတိုက်တာအောင်ရောအောင်မြင်လာပါ့မလား?
သူတိုကို ဂိုဏ်းလူဆိုးတွေက အလွတ်ရောပေးပါ့မလား? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အပြင် အသက်ပါအသေခံတဲ့အထိ သူငယ်ချင်းသံယောဇဉ်ကို အလေးထားကြတဲ့ သူငယ်ချင်း၃ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တစ်ရှူးဆောင်ပြီးကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်။

You May Also Like