The Sin

ဒီတစ်ခေါက်ပရိသတ်ကြီးအတွက် သဘာဝလွန်မှော်စွမ်းအင်ကားမျိုးမှ လျှိဝှက်သည်းထိတ်ရင်ဖိုခံစားရမယ့် The Sin နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးက နာမည်ကြီးမင်းသားမင်းသမီးမပါဝင်ပေမယ့် ပါဝင်ထားတဲ့တက်သစ်မင်းသမီးတွေရဲ့ သရုပ်ဆောင်မှုတွေက ပရိသတ်ကြီးကို ဇာတ်လမ်းရဲ့ ထိတ်လန့်အံ့သြဖွယ်ရာရသကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။

Si Young ဆိုတဲ့ အကမေဂျာနဲ့ကျောင်းပြီးထားတဲ့ မိန်းကလေးတစ်ယောက် ဇာတ်ကားတစ်ကားမှာပါဝင်သရုပ်ဆောင်ဖို ရွေးချယ်ကမ်းလှမ်းခံလိုက်ရပါတယ်။ဇာတ်ကားရိုက်ဖိုအတွက် ရိုက်ကွင်းနေရာကို စစရောက်ချင်းမှာပဲ ထူးခြားပြီးမကောင်းတဲ့အငွေ့အသက်တွေကို ခံစားမိပေမယ့်လည်း ဇာတ်ကားမှာသရုပ်ဆောင်ဖိုအတွက်ပဲ အာရုံစိုက်ခဲ့ပါတယ်။ဒီလိုနဲ့ဇာတ်ကားရိုက်ကူးနေရင်းကနေ မမျှော်လင့်ဘဲ ထူးဆန်းတဲ့အဖြစ်ဆိုးတွေ ဆက်တိုက်ကြုံလာရချိန်မှာတော့ သာမန်ရိုက်ကွင်းနေရာမဟုတ်မှန်းသိလာခဲ့ပါတယ်။တကယ်ပဲဘယ်လိုမျိုးထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ ကြုံတွေရမလဲ၊ရိုက်ကွင်းနောက်ကွယ်က ထူးခြားဆန်းကြယ်မှုတွေကရော ဘာတွေလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။

ဇာတ်လမ်းထဲမှာ သေဆုံးပြီးဝိဉာဉ်တွေကို ပြန်လည်ဆင့်ခေါ်ပြီး အသက်သွင်းတာမျိုးတွေပါဝင်တဲ့အတွက် တကယ့်ကိုထူးခြားဆန်းပြားတဲ့အရသာကို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။

You May Also Like