Handsome Guys

ပရိသတ်ကြီးအတွက် ဘဝအမောတွေကို တဒင်္ဂပြေပျောက်သွားစေဖို ရသပေါင်းစုံပေးစွမ်းမယ့် Handsome Guys လေးနဲ့တင်ဆက်ပေးချင်ပါတယ်။လောကကြီးမှာ ကြောင်သူတော်ကြွက်သူခိုးလို ရုပ်လေးသနားကမားနဲ့ မထင်ရက်စရာ လူဆိုးလူမိုက်တွေ တစ်ပုံကြီးရှိသလို ရုပ်ကြမ်းကိုယ်ကြမ်းပုံစံတွေနဲ့ စိတ်သဘောထားဖြူစင်တဲ့သူတွေလည်း အများအပြားရှိပါတယ်။ဒီဇာတ်ကားလေးထဲမှာလည်း ဂျန်ဖီလ်နဲ့ ဆန်းဂူဆိုတဲ့ သူငယ်ချင်းညီအစ်ကိုနှစ်ယောက်ဟာ ရုပ်ပန်းသွင်ပြင်ကြောင့် လူဆိုးလူမိုက်တွေလိုအထင်အမြင်ခံကြရပေမယ့် စိတ်ရင်းကတော့တကယ့်ကိုဖြူစင်သန့်ရှင်ကြသူတွေပါ။နှစ်ယောက်သား အိမ်လေးတစ်လုံးဝယ်ပြီး ကောင်းရာကောင်းဝယ်လုပ်စားဖိုစီစဉ်ထားကာမှ ဝယ်လိုက်တဲ့အိမ်အပြင် သရဲပါအဆစ်ပါခဲ့ပါတယ်။သရဲရဲ့ပယောဂကြောင့် လူသေဆုံးမှုတွေဖြစ်ပေါ်လာချိန်မှာတော့ ရဲဘက်ကလည်း ညီအစ်ကိုနှစ်ယောက်ကို လူသတ်သမားအဖြစ်သံသယဝင်လာပါတော့တယ်။ဒီလိုမျိုးရိုးသားဖြူစင်ကြတဲ့ညီအစ်ကိုနှစ်ယောက် သရဲကို ကိုယ်တိုင်မောင်းထုတ်ဖိုကံတရားကဖန်တီးလာတဲ့အချိန် ဘယ်လိုမျိုးအလွဲတွေနဲ့ ရင်ဆိုင်သွားကြမလဲဆိုတာ ဝါးလုံးကွဲရယ်မောရမယ့် ဟာသဇာတ်ကားကောင်းလေးကို ပရိသတ်ကြီးကပဲကြည့်ရှုခံစားလိုက်ပါဦးနော်။

You May Also Like