Mission Cross (2024)

လျှို့ဝှက်အေးဂျင့်ဟောင်း ပတ်ဂန်မူဟာ အိမ်မှုကိစ္စနိုင်နင်းတဲ့အိမ်ထောင်ရှင်ထီးတစ်ယောက်အဖြစ်နေထိုင်ရင်း ဘဝကိုအပူအပင်ကင်းကင်းဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။ ပတ်ဂန်မူရဲ့ဇနီးဖြစ်သူ ပြစ်မှုစုံစမ်းရေးအဖွဲ့ကရဲအရာရှိ မီဆွန်းဟာ ခင်ပွန်းဖြစ်သူဟာ လျှို့ဝှက်အေးဂျင့်ဟောင်းတစ်ယောက်ဆိုတာကိုမသိခဲ့ပါဘူး။ တစ်နေ့မှာတော့ ပတ်ဂန်မူဟာသူ့ရဲ့အေးဂျင့်ဟောင်းအလုပ်ကိုပြန်စတင်ရမဲ့အခြေအနေတစ်ရပ်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပတ်ဂန်မူရဲ့ကျွမ်းကျင်ပိုင်နိုင်လှတဲ့စွမ်းဆောင်ရည်တွေနဲ့ မစ်ရှင်ကိုဖြတ်သန်းပုံတွေ မစ်ရှင်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေရှိနေမလဲဆိုတာကတော့ အင်မတန်စိတ်ဝင်စားစရာကောင်းလှပါတယ်။ စိတ်ဝင်စားစရာအက်ရှင်ဇာတ်ဝင်ခန်းအမြောက်အများနဲ့ ဟာသအခန်းလေးတွေလဲပါဝင်တာမို့ 2024 မှာအသစ်စက်စက်ထွက်ရှိထားတဲ့ဒီဇာတ်ကားကတော့လက်မလွှတ်ချင်စရာပါပဲ။

You May Also Like