The Front Line

ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ The Front Line လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးက ဆုတံဆိပ်ပေါင်းများစွာရရှိထားသလို IMDB 7.3 အထိရရှိထားတာဖြစ်လို သေချာပေါက်ကြည့်သင့်တဲ့ကားလေးပါ။တောင်နဲ့မြောက်ကိုရီးယားစစ်ပွဲအဆုံးသတ်ခါနီး ၁၉၅၃ ခုနှစ်ဝန်းကျင်ကိုအခြေခံထားတာပါ။နှစ်ဖက်စစ်ပြေငြိမ်းဖိုဆွေးနွေးပွဲတွေကျင်းပသလို တစ်ဖက်မှာလည်း တိုက်ပွဲတွေက အဆုံးမသတ်နိုင်ဖြစ်ပေါ်နေခဲ့ပါတယ်။စစ်ပွဲကြာရှည်လာတာနဲ့အမျှ ဘယ်သူ့အတွက်မှအကျိုးမရှိတဲ့တိုက်ပွဲတွေကိုလည်း နှစ်ဖက်စစ်သားတွေ ငြီးငွေ့လာကြတဲ့အချိန် နောက်ဆုံးစစ်ပြေငြိမ်းဖိုသဘောတူစာချုပ်ချုပ်လိုက်နိုင်ခဲ့ပါတယ်။စစ်ပွဲပြီးလိုပျော်စရာအချိန်ရောက်ရှိလာပေမယ့်လည်း စာချုပ်ရဲ့အသက်ဝင်မှုက အချိန် ၁၂ နာရီကျန်သေးတဲ့အခါမှာတော့ ကျန်ရှိတဲ့ ၁၂ နာရီအတွင်း ကိုယ့်ရဲ့နယ်မြေပိုင်နက်ဖြစ်ဖို မဟာဗျူဟာကျတဲ့ အယ်ရိုတောင်ကို တစ်ဖက်တစ်ချက်စီ တပ်စွဲရင်း နောက်ဆုံးစစ်ပွဲဖြစ်လာချိန်မှာတော့ ဘယ်သူတွေများအသက်ရှင်ကျန်ရစ်မလဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။Taxi Driver မင်းသား Lee Je-Hoon အတွက် Best New Actor ဆုကိုရရှိခဲ့တဲ့ ဇာတ်ကားကောင်းလည်းဖြစ်ပါတယ်။

You May Also Like