The Lost Choices

မတော်တဆမှုတစ်ခုကြောင့်စကားပြောရာမှာပြဿနာဖြစ်နေတဲ့ ချယ်ဂျီအွန်းဆိုတဲ့မိန်းကလေးဟာ တစ်နေ့မှာမသမာသူတစ်စုရဲ့အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရပါတယ်။ ဂျီအွန်းဟာရဲစခန်းမှာအမှုဖွင့်ဖိုသွားခဲ့ပေမဲ့ ရဲဝန်ထမ်းရဲ့မယုံကြည်သလိုပြောဆိုမှုကိုခံခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖိုကြိုးစားရာကနေမတော်တဆလူသတ်မိသွားတဲ့ဂျီအွန်းတစ်ယောက်ဘယ်လိုအရာတွေကိုထပ်ပြီးကြုံတွေရမှာပါလဲ။ တရားဥပဒေဘောင်နဲ့ဖြေရှင်းရတဲ့ကိစ္စတွေဟာလိုရာခရီးမရောက်တာကြောင့် ဂျီအွန်းတစ်ယောက်ဘယ်လိုကိုယ်တိုင်ဖြေရှင်းမလဲဆိုတာစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပါ။ မသန်စွမ်းသူတစ်ယောက်ဖြစ်တာနဲ့ပိုပြီးကူညီ‌ေဖးမရဲ့အစားနှိမ့်ချချင်ကြတဲ့လူပတ်ဝန်းကျင်ဟာရွံရှာကြည်းတန်စရာကောင်းကြောင်းဒီဇာတ်ကားလေးကဖော်ပြထားပါတယ်။

You May Also Like