Concrete Utopia

မနက်စောစောအိပ်ရာကနိုးလာတဲ့အချိန်ကိုယ့်တိုက်ခန်းအဆောက်အအုံတစ်ခုဘဲကျန်ခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးအပျက်အစီးအပြိုအကျတွေနဲ့ပြည့်နေတဲ့မြင်ကွင်းကို မထင်မှတ်ဘဲကြုံ‌‌ေတွ့လိုက်ရတဲ့အခါ။ ရေမရှိ၊မီးမရှိ၊စားစရာမရှိ ဘာဆက်လုပ်ရမယ်မှန်းမသိစွာဘဲ။ အခက်အခဲပေါင်းမြောက်များစွာကြားမှာ ယုံကြည်ရလောက်တဲ့သူတစ်ယောက်ကိုခေါင်းဆောင်တင်လိုက်ပေမဲ့ ဒီလူကရောတစ်ကယ်ဘဲယုံကြည်ရတဲ့သူဖြစ်နိုင်ပါ့မလား။ လူတွေရဲ့သဘာဝအရ ကိုယ်ကျိုးအတွက်ဘဲကြည့်တဲ့စိတ်တွေပေါ်လာတဲ့အခါ အခြေအနေအဆိုးထဲမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ။ လူ့အသက်တစ်ချောင်းဟာအရာအားလုံးအဆင်ပြေ‌နေချိန်မှာဘာမှမပူပန်ရပေမဲ့ အခက်အခဲကြားထဲကအသက်တစ်ချောင်းရှင်နိုင်အောင်ကြိုးပမ်းရတာဟာမလွယ်ကူလှကြောင်းဒီဇာတ်ကားထဲမှာကြည့်ရှုနိုင်မှာဘဲဖြစ်ပါတယ်။ မထင်ထားတဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့ပေမဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ ရင်တဒိတ်ဒိတ်ကြည့်ရှုခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားဘဲဖြစ်ပါတယ်။ မင်းသား ပတ်ဆောဂျွန်းပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ကောင်းမြောက်များစွာပါဝင်ထားတဲ့ဇာတ်ကားတစ်ကားမို မင်းသား၊မင်းသမီးနဲ့တင်ကြည့်ရတန်စေမဲ့ဇာတ်ကားလဲဖြစ်ပါတယ်

You May Also Like