The 8th Night (2021)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က မကောင်းဆိုးဝါးတစ်ကောင်က လူသားကမ္ဘာနဲ့ငရဲကို ဆက်ထားတဲ့ တံခါးကိုဖွင့်ပြီးတော့ လူတွေကို အန္တရာယ်ပြုဖို ကြိုးစားခဲ့ပါတယ်။အဲ့ဒီချိန်မှာ ဗုဒ္ဓက မကောင်းဆိုးဝါးကို တားမြစ်ပြီးသူရဲ့စွမ်းအားအရင်းမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုထုတ်ယူခဲ့ပါတယ်။အဲဒီစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုလည်း တစ်နေရာစီမှာ ထားပြီး ချိတ်ပိတ်ပြီး သိမ်းဆည်းခဲ့ပါတယ်။အဲဒီအရာတွေကို စောင့်ရှောက်ဖိုအတွက် ဗုဒ္ဓဟာ သူရဲ့တတပည့် ဘုန်းတော်ကြီးတစ်ပါးနဲ့ နတ်ဆရာကို မှာကြားခဲ့တယ်။အချိန်တွေကြာလာတဲ့အခါမှာ လူတွေရဲ့သဘာဝအရ စူးစမ်းချင်တယ်...ရှေးရှေးတုန်းကပြောထားတဲ့အရာတွေကို အမှန်ဖြစ်ကြောင်းသက်သေပြချင်လာကြတယ်။အဲ့လိုစူးစမ်းချင်တဲ့ စိတ်တွေကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ...ဇာတ်ကားမှာ ဆက်လက်စောင့်ကြည့်ကြပါဦးနော်။

You May Also Like