Tazza: The High Rollers

ဒီတစ်ခေါက်ပရိသတ်ကြီးအတွက် ထူးထူးခြားခြားလောင်းကစားသမားဘဝတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရော ဇာတ်လမ်းတွဲနဲ့ပါ ထွက်ရှိခဲ့တဲ့ Tazza ရဲ့ ပထမဆုံးသော ဇာတ်လမ်းဖြစ်တဲ့ Tazza: The High Rollers (2006) နဲ့ ဦးစွာမိတ်ဆက်ပေးချင်ပါတယ်။ဂိုနီဆိုတဲ့ ကျောင်းသားလေးတစ်ယောက် စုထားတဲ့ပိုက်ဆံတွေနဲ့ လောင်းကစားလုပ်ရင်း ပိုက်ဆံရှုးသွားရာကနေ အစ်မဖြစ်သူရဲ့ မယားစရိတ်လျော်ကြေးတွေပါခိုးပြီး လောင်းကစားလုပ်ရင်းနဲ့ အကုန်ဆုံးရှုးခဲ့ပါတယ်။ပိုက်ဆံအကုန်ရှုးပြီးကာမှ တစ်ဖက်လူတွေက လိမ်လည်ကစားခဲ့တာသိပြီးတော့ လိမ်သွားတဲ့သူတွေကို ရှာဖွေဖို နိုင်ငံအနှံရှာဖွေခဲ့ပါတယ်။ဒီလိုနဲ့ လောင်းကစားလောကရဲ့ ဆရာသုံးပါးထဲက ဆရာဖြောင်းနဲ့တွေ့ဆုံမိပြီး သူ့ဘဝရဲ့ တစ်ဆစ်ချိုးအလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ဆရာဖြောင်းဆီက ပညာတွေသင်ယူရင်း ဖဲကစားတဲ့နေရာမှာ တစ်ဖက်ကမ်းခပ်ဆရာတစ်ဆူဖြစ်လာပါတော့တယ်။ဒီလိုနဲ့ အစ်မဆီကခိုးခဲ့တဲ့ပိုက်ဆံတွေပြန်ရသွားပြီး အေးအေးဆေးဆေးနဲ့ ဘဝကိုထူထောင်ဖို စီစဉ်နေတဲ့အချိန်မှာပဲ ဆရာဖြစ်သူ အသတ်ခံလိုက်ရတာကို သိရှိသွားပါတယ်။ဆရာဖြစ်သူကိုသတ်တဲ့သူကလည်း လောင်းကစားဘုရင်တစ်ဆူဖြစ်တဲ့ အာဂွီဆိုတဲ့ လူမိုက်အများအပြားမွေးထားတဲ့ လူမိုက်တစ်ယောက်ပါ။ဂိုနီဆိုတဲ့လူငယ်လေးတစ်ယောက် သူ့ထက်အင်အားရော ပညာပါ ပိုပြည့်စုံတဲ့ အာဂွီကို ယှဉ်ပြိုင်ရင်းလက်စားချေနိုင်မလား။အာဂွီဆိုတဲ့လူမိုက်ကပဲ ဂိုနီဆိုတဲ့လူငယ်လေးကို ရှင်းပစ်နိုင်မလားဆိုတာ ဇာတ်လမ်းလေးထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။Divorce Attorney Shin ဇာတ်ကားထဲက ရှေ့နေတစ်ဖြစ်သရုပ်ဆောင်ခဲ့တဲ့ Cho Seung-Woo၊Under The Queen's Umbrella ဇာတ်ကားထဲက ပရိသတ်အချစ်တော် ဘုရင်မကြီးဖြစ်တဲ့ Kim Hye-Soo တိုပါဝင်သရုပ်ဆောင်ထားပါတယ်။IMDB မှာလည်း 7.1 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။

You May Also Like