Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Wonderland

    Suzy နဲ့ Park Bo Gum တိုရဲ့ Wonderland လေး ထွက်ရှိလာပါပြီ Trailer စပြကတည်းက ကြည့်ရှုသူတွေကြားမှာ နာမည်ကြီးနေတဲ့ ဒီဇာတ်ကားလေးကတော့ နာမည်ကြီးသရုပ်ဆောင်တွေအများကြီးနဲ့ အားဖြည့်ရိုက်ကူးထားတဲ့ Sci-Fi Romance Drama လေးပဲဖြစ်ပါတယ် 

    ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ နှုတ်ဆက်ခွင့်မရှိဘဲ ထာဝရလမ်းခွဲလိုက်ရတဲ့အခါ ကိုယ်ချစ်ခင်ရသူတွေနဲ့ အရင်လို နီးစပ်ခွင့်မရှိတော့တဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲ တိုးတက်လာတဲ့ AI နည်းပညာတွေကြောင့် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ တစ်ထပ်တည်းတူတဲ့ တစ်ဖက်ကမ္ဘာကလူတွေနဲ့ နေ့စဉ်ဆက်သွယ်နိုင်ပြီး Video Call တွေပြောဆိုနိုင်အောင် ကုမ္ပဏီတစ်ခုက ဆားဗစ်ပေးနေပါတယ် 

    ဒီဇာတ်ကားထဲမှာတော့ လေယာဉ်မယ်လေး ဂျောင်အင်ဟာ ကိုမာဝင်သွားတဲ့ ချစ်သူကောင်လေးကို လွမ်းတဲ့စိတ်နဲ့ ကိုယ့်စိတ်ကို ဖြေသာနိုင်အောင် ဆားဗစ်ယူပြီး နှစ်သိမ့်ခဲ့ရတယ် တစ်ဖက်ကမ္ဘာ Wonderland က ပိုင်လီဆိုတဲ့အမျိုးသမီးဟာလည်း Wonderland ရဲ့ဆားဗစ်နဲ့ သမီးဖြစ်သူနဲ့ အမြဲဆက်သွယ်နိုင်ခဲ့တယ် 

    နည်းပညာတွေတိုးတက်နေပေမယ့် ကိုယ့်စိတ်က လက်တွေ့ကိုသိနေတဲ့အခါမှာတော့ ကိုယ်တကယ်အစစ်အမှန်ပါလို ယုံကြည်မိနေတဲ့အရာတွေဟာ မျက်စိတစ်မှိတ်မှာပဲ အတုအယောင်တွေဖြစ်သွားပါတော့တယ် လူတွေဟာ ကိုယ်စိတ်ဖြေသာဖို AI ကိုသုံးပြီး ကိုယ်ချစ်ခင်ရတဲ့သူတွေ ဘယ်တုန်းကမှ ပျောက်ကွယ်မသွားသလို စိတ်ဖြေနေကြပေမယ့် တကယ်တမ်း လက်တွေ့ကို ရင်ဆိုင်ဖိုဖြစ်လာတဲ့အခါမှာတော့….

    You May Also Like