A Man of Reason

ဒီဇာတ်ကားကတော့ Action/Thriller အမျိုးအစား Korea ဇာတ်ကားဆိုပေမယ့်လည်း အရမ်းကြီး Thrill ဆန်နေတာမျိုးလည်း မဟုတ်ပါဘူး။ သူ့အရှိန်နဲ့သူ ဖြေးဖြေးမှန်မှန်သွားထားတဲ့ အနေအထားမျိုးပါပဲ။

 ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင်မင်းသား Jung Woo-sung ရဲ့ အသွင်အပြင်ကို မြင်လိုက်တာနဲ့ Hollywood က အမေရိကန် မင်းသားကြီး Tom Cruise ကို ပြေးပြေးမြင်နေမိမှာပါ။ သူတိုနှစ်ဦးရဲ့ ရုပ်ရည်က တော်တော် ဆင်ပါတယ်။ 

ဒီဇာတ်ကားထဲမှာတော့ လူမိုက်၊လူဆိုး လုပ်လာခဲ့ပြီးမှ ချစ်ရတဲ့မိန်းမနဲ့ သမီးလေးတိုကြောင့် အတိတ်ရဲ့ အမှောင်လမ်းမတွေကနေ ရုန်းထွက်ဖို ကြိုးစားခဲ့တဲ့ ချွဲဆူဟော့ခ်။

သူ့ဘက်က အသာတကြည် ရုန်းထွက်ခဲ့ပေမယ့်လည်း နောက်ဆံတငင်ငင်နဲ့ သူ့ကို လက်မလွှတ်နိုင်ဖြစ်နေတဲ့ သူ့အထက်က ဘော့စ်နဲ့ သူ့ကို ရှင်းပစ်ချင်သူတွေရဲ့ အကွက်တွေကြားမှာ သူနဲ့ သူ့မိသားစုရဲ့ ဘဝ ကံကြမ္မာက ဘယ်လို ဇောက်ထိုးမိုးမျှော်ဖြစ်လာမလဲဆိုတာကို

A man of reason ဆိုတဲ့ ဒီကိုရီးယားရုပ်ရှင်ကားထဲမှာ ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာရှရုပ်ရှင်ဘက်လှည့်ပြီး အပန်းဖြေလိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်များအတွက် ရွယ်ရည်ပြီးတော့ ဒီဇာတ်ကားလေးကို ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

You May Also Like