Veteran

စုံ ထောက်  ဆောဒို ချောတစ် ယောက် လျှိဝှက်စစ်ဆင် ရေး တစ်ခု လုပ်  ဆောင် တုန်းက ယင်းအမှုတွဲမှာ ကူညီ ပေးခဲ့တဲ့ ထရပ်ကားမောင်းသူ ကားဆရာဘဲ့ဟာ   ရုတ်တရက်ကြီး ဆောက်လုပ် ရေးခွင် လုပ်အားခ မရရှိဘဲ အလုပ်စာချုပ်ဖျက်သိမ်းခံလိုက်ရတယ်။ တာဝန်ခံ တွေကလည်း ဘာမှ တာဝန်ယူမ ပေးတဲ့အပြင် ရုံးချုပ်ကိုသွားခိုင်း ကုမ္ပဏီကိုသွားခိုင်းနဲ့ ပထုတ်ခဲ့ပြီး  နောက်ဆုံး ကားဆရာဘဲ့တစ် ယောက် ရှင်းဂျင်  ကော်ပို ရေးရှင်း  ရှေ့မှာ သားဖြစ်သူနဲ့အတူ ရပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပါ တော့တယ်။

 အဲ့လိုနဲ့ အထက်ပိုင်းက ပုဂ္ဂိုလ် တွေသိသွားလို တာဝန်ရှိသူ ရုံးခန်းထဲ  ခေါ် ဆောင်သွားခံရပြီး နောက် သူ့ရဲ့ ၉ နှစ်အရွယ် သားလေးရှေ့မှာတင် နှိပ်စက်ခံရပါ တော့တယ်။  အ ဖေ သေလု မြောပါးဖြစ်ပြီး ကိုမာဝင် နေတဲ့အချိန်မှာပဲ သားဖြစ်သူက စုံ ထောက်ဒို ချောရဲ့ စီးပွားရေးကတ်ပြားကို တွေ့ရှိပြီး  ဖုန်းဆက်အကူအညီတောင်းရာက နေတစ်ဆင့် ဇာတ်အိမ်စတည်ထားပါတယ်။ တရားမျှတမှုမရှိတဲ့ လူကုံထံ အသိုင်းအဝိုင်းကို  ဆောဒို ချောတစ် ယောက် ဘယ်လိုကိုင်တွယ်မလဲ ဘယ်လိုအခက်အခဲ တွေ ကြုံ တွေ့လာရမလဲဆိုတာ တော့ ဆက်လက်ရှုစားလိုက်ကြပါဦး။

You May Also Like