The Soul-Mate

ပင်လယ်ကမ်းနားမြိုငယ်လေးတစ်ခုက ချစ်သူနဲ့လက်ထပ်နိုင်ဖိုကြိုးစားနေတဲ့ ရဲအရာရှိကန်ထယ်ဂျင်း (ဂန်ယောင်းဂွမ်)၊ မတော်တဆမှုတစ်ခုကြောင့် ဇနီးဖြစ်သူဆုံးပါးသွားပြီးတဲ့နောက် မွေးရာပါနှလုံးအားနည်းတဲ့သမီးငယ်လေးကိုခွဲစိတ်ဖိုကလွဲလို တခြားဘာမှအာရုံမစိုက်တဲ့ ဂျူဒိုကလပ်ပိုင်ရှင် နည်းပြချွဲ (မာဒုံဆော့) ၊ သူတိုမြိုကနိုက်ကလပ်မှာလူကုန်ကူးမှုသံသယရှိလိုစောင့်ကြည့်နေရင်း အရာရှိကန်ထယ်ဂျင်းက နည်းပြချွဲကို လူကုန်ကူးမှုမှာပတ်သတ်နေတယ်လို သံသယရှိရာကနေ အနည်းငယ်ကတောက်ကဆဖြစ်ဖူးထားကြပါတယ်။ တစ်နေ့မှာတော့ သူတိုနှစ်ယောက်တစ်နေရာတည်းမှာမတော်တဆမှုတစ်ခုကြုံပြီးဆေးရုံအရေးပေါ်ဌာနကိုရောက်သွားကြပါတယ်။ ကန်ထယ်ဂျင်းကတော့ ဒဏ်ရာပြင်းထန်တာကြောင့်ကိုမာဝင်သွားခဲ့ပြီး မေ့မြောသွားခဲ့ပေမယ့် နည်းပြချွဲကတော့ သတိပြန်ရလာခဲ့ပါတယ်။ သူသတိပြန်ရလာတဲ့အချိန်မှာ ကန်ထယ်ဂျင်းရဲ့ဝိဉာဏ်ကိုမြင်နေရပါတယ်။ တကယ်တော့ နိုက်ကလပ်ကလူကုန်ကူးမှုကိုစုံစမ်းထားတဲ့သက်သေကို လူမိုက်တွေကပြန်ယူဖိုကြိုးစားချိန်မှာ လောင်းကစားကြွေးတွေကြောင့်ကြံရာမရတဲ့ထယ်ဂျင်းရဲ့လုပ်ဖော်ကိုင်ဖက်ကဘယ်လိုတွေပါဝင်ပတ်သတ်နေလဲ၊ ဒီအမှုကရောဘယ်လိုဆက်ဖြစ်မှာလဲ၊ နည်းပြချွဲရဲ့သမီးလေးခွဲစိတ်မှုကရောအဆင်ပြေပါ့မလား ။ လူသန်ကြီးမာဒုံဆော့နဲ့ မင်းသားကန်ယောင်းဂွမ်ရဲ့ အချိတ်အဆက်မိ လိုက်ဖက်တဲ့သရုပ်ဆောင်မှုတွေနဲ့ ကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

You May Also Like