Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    The Roundup: Punishment

    ကိုရီးယားအက်ရှင်မင်းသားဆိုရင် ပရိသတ်ကြီးအရင်ပြေးမြင်မိကြမှာ လူသန်မင်းသားကြီး မာဒုန်ဆော့ပဲဖြစ်မှာပါ။ဒီလူသန်မင်းသားကြီးရဲ့ The Roundup ရုပ်ရှင်ဟာဆိုရင်လည်း အရမ်းကိုနာမည်ကြီးပေါက်မြောက်အောင်မြင်ခဲ့တာပါ။

    အခုတစ်ခါမှာလည်း နောက်ဆုံးထွက်ရှိလာတဲ့ The Roundup: Punishment နဲ့တင်ဆက်ပေးလိုက်ပါတယ်


    စုံထောက်မာဆော့ဒိုဟာ မူးယစ်ဆေးမှုနဲ့ပတ်သက်တဲ့ အမှုတစ်ခုကိုလိုက်လံစုံစမ်းရင်း ဖိလစ်ပိုင်မှာ လူတစ်ယောက်သေသွားတာကို သိရှိခဲ့ပါတယ်။အဲဒီသေသွားတဲ့လူကလည်း တရားမဝင်အွန်လိုင်းလောင်းကစား app ကို ရေးဆွဲနေတဲ့ Developer တစ်ယောက်ဖြစ်နေပါတယ်။

    ဘဲ့ဂီချန်းဆိုတဲ့ အထူးတပ်ဖွဲဝင်ဟောင်းတစ်ယောက်ဟာ ဖိလစ်ပိုင်မှာအခြေစိုက်ပြီး တရားမဝင်အွန်လိုင်းလောင်းကစားဈေးကွက်ကို ချုပ်ထားတဲ့သူပါ။သူဟာအပြိုင်အဆိုင်ပေါ်လာတဲ့ လောင်းကစားဈေးကွက်တွေကို တိုက်ခိုက်သိမ်းယူပြီး လက်ဝါးကြီးအုပ်ဖိုကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ ဘာကိုမှမကြောက်ဘဲတရားဥပဒေအတိုင်းအပြစ်ပေးနေတဲ့ စုံထောက် မာဆော့ဒိုနဲ့ ဆူးငြှောင့်မှန်သမျှ အကုန်ရှင်းပစ်တတ်တဲ့ အထူးတပ်ဖွဲဝင်ဟောင်း ဘဲ့ဂီချန်းတို ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာချိန်မှာတော့.....................

    ဘယ်သူကအနိုင်ယူသွားမလဲဆိုတာစောင့်ကြည့်လိုက်ကြပါဦးနော်။


    စုံထောက်အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်လို အတိုက်အခိုက်အသတ်အပုတ်တွေကိုလည်း တစ်ဝကြီးကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

    You May Also Like