Scarlet Innocence

ဒီတစ်ခေါက်ကိုရီးယား သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းတွဲလေးကိုမှ ၁၈+ ဆန်ဆန် Scarlet Innocence နဲ့မိတ်ဆက်ပေးချင်ပါတယ်။ပါဝင်ထားတဲ့မင်းသားကလည်းနာမည်ကြီး Jung Woo-Sung ၊ မင်းသမီးကတော့ Esom တိုပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးက တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်တဲ့ Hak-Kyu ဟာ နာမည်ကြီးသလောက် မိန်းမကိစ္စရှုပ်ပွေတဲ့သူပါ။အဲဒါကြောင့်ပဲ နယ်မြိုလေးတစ်မြိုကိုရောက်လာပြီး Deok-Yi ဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။အဲဒီအချိန် ဆိုးလ်တက္ကသိုလ်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို ဖြစ်လာတဲ့အချိန် Deok-Yi တစ်ယောက်တည်းကျန်ခဲ့ရပါတယ်။ရှစ်နှစ်ကြာပြီးတဲ့နောက် Hak-Kyu တစ်ယောက် နာမည်ကြီးစာရေးဆရာဖြစ်လာပြီး သမီးတစ်ယောက်အဖေဖြစ်လာခဲ့ပါတယ်။အဲဒီအချိန် မျက်စိအမြင်အာရုံဆိုးရွားလာပြီးတော့ ကောင်းကောင်းမမြင်ရတော့ပါဘူး။အဲဒီအချိန်ဘေးအခန်းကို Se-Jung ဆိုတဲ့အမျိုးသမီးရောက်လာပြီး ပတ်သက်ဖိုကြိုးစားလာပါတော့တယ်။အမြင်အာရုံဆုံးရှုးနေတဲ့ Hak-Kyu ကတော့ လွန်ခဲ့တဲ့ရှစ်နှစ်က သူသစ္စာဖောက်ခဲ့တဲ့ Deok-Yi က Se-Jung ဖြစ်နေမှန်းမသိခဲ့ပါဘူး။Deok-Yi တစ်ယောက် တကယ်ပဲလက်စားချေခွင့်ရမလား ဒါမှမဟုတ်  Hak-Kyu ကပဲအရင်သိသွားမလားဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

You May Also Like