Along With The Gods

မီးသတ်သမား ကင်ဂျာဟုန် ဟာ တာဝန်ထမ်းဆောင်ရင်း မမျှော်လင့်ဘဲ သေဆုံးခဲ့ပြီး ဘ၀ ကူးပြောင်းသွားတဲ့ ဂျာဟုန်ဟာ မရဏတိုင်းပြည်က အစောင့်အ ရှောက်သုံးယောက်နဲ့ ဆုံပါတယ်။ အဲဒီသုံးယောက်ထဲမှာ ဂန်ရင်းက ခေါင်းဆောင်ဖြစ်ပြီး လူသားတွေ ပေါ် ခင်မင်ကြင်နာစိတ်ရှိပါတယ်။
လူတစ်ယောက်ယောက် သေဆုံးပြီဆိုရင် မရဏနိုင်ငံကို သွားဖို အစောင့်အရှောက်တွေ အတူလိုက်ပါလေ့ရှိပြီး သေဆုံးသူ ဟာ လူ့ပြည်လား၊ ငရဲလား၊ ကောင်းကင်ဘုံလား ဆက်သွားရ မယ့်နေရာအတွက် ၄၉ ရက်အ တွင်းမှာ အဆင့်ခုနစ်ဆင့် ဖြတ် သန်းစစ်ဆေးခံရမှာပါ။မီးသတ်သမားလေးဂျာဟုန် အဖို ဂန်ရင်းနဲ့အဖွဲ ခေါ်ဆောင်ရာ နောက်ကို လိုက်သွားရပြီး လမ်း တစ်လျှောက် ထူးဆန်းတာတွေ ဆက်တိုက်ကြုံရပါတယ်။ ဂျာ ဟုန် သွားရမယ့်ဘုံအတွက် စစ် ဆေးခံရတဲ့ အဆင့်တွေကိုလည်း အထူးပြုလုပ်ချက်တွေနဲ့ တင် ဆက်ထားလို ဆန်းဆန်းပြားပြား ရှုစားရမှာပါ။ဂျာဟုန်က ရိုးသားအပြစ် ကင်းတာကြောင့် ကောင်းမွန်ရာဘဝကို ပြန်ရောက်ဖို ဂန်ရင်းတိုက ကြိုးစားကာကွယ်ပေးပါတယ်။ မီးသတ်သမားလေးဂျာဟုန် မရဏတိုင်းပြည်မှာ ဖြတ်သန်းရ မယ့် ၄၉ ရက်တာစွန့်စားခန်းက ဘယ်လိုရလဒ်နဲ့အဆုံးသတ်မလဲ ဆိုတာကတော့…။

You May Also Like