Night in Paradise

ဒါရိုက်တာ ပတ်ဟွန်ဂျန်း ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒီကားလေးက လူဆိုးဂိုဏ်း၀င် အဖွဲတွေနဲ့ ရဲ၀န်ထမ်းတိုရဲ့ ပူးပေါင်းကြံစည်မှုကို ထင်ရှားပေါ်လွင်စွာ ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်
မင်းသား အွမ်တဲဂူး ပါ၀င်ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပြီး အားကိုးရတဲ့ လူဆိုးဂိုဏ်း၀င်အဖြစ်ကနေ အစ်မနဲ့ တူမလေးသာရှိတဲ့မိသားစုကို ဆုံးရှုးလိုက်ရပြီးနောက် ဂျယ်ဂျူကျွန်းကို ထွက်ပြေးတိမ်းရှောင် ရတဲ့ အနေအထား ကို ရောက်ရှိခဲ့ရပါတယ်
ကျွန်းမှာ တွေ့ရတဲ့ ကောင်မလေးကလည်း ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာ ရလောက်တဲ့ အထိ မိသားစု၀င်‌ေတွကို မျက်စေ့ရှေ့တင် သတ်ဖြတ်ခံရတာကို မြင်တွေ့ထားသူ ရက်ပိုင်းအတွင်း သေစေလောက်တဲ့ရောဂါရရှိထားသူ ဖြစ်နေပြန်ပါတယ်
ဒီလိုနဲ့ နှစ်ဦးသား လိုက်ဖမ်းနေတဲ့ လူရမ်းကားတွေ လက်က လွတ်မလား ဘယ်လိုတွေ ကလဲ့စားပြန်ချေ တုန့်ပြန်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ကားလေးပါ
ဇာတ်လမ်း ဇာတ်ရှိန်တက်လာလေလေ ဇာတ်သိမ်းရောက်လာလေလေ သွေးထွက် သံယို အရမ်းများလာသလို လူဆိုးဂိုဏ်းတွေရဲ့ နေရာတစ်ခုရဖို သတ်ဖြတ်ပြီး မှုခင်းနေရာ ဖျောက်ဖျက်မှုတွေ တရားမ၀င် လက်နက် ရောင်းချမှုတွေကိုလည်း လေ့လာ ကြည့်ရှုနိုင်မဲ့ ကားလေးပဲ ဖြစ်ပါတယ်

You May Also Like