Hunt

သည်းထိတ်ရင်ဖိုအက်ရှင်အမျိုးအစားကိုမှ နိုင်ငံရေးဇာတ်လမ်းဇာတ်ကွက်နဲ့ ကြည့်ချင်ကြတဲ့ ပရိသတ်ကြီးအတွက် Hunt (2022) ဆိုတဲ့ကိုရီးယားရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးက ၂၀၀၂ ခုနှစ်ရဲ့ တတိယမြောက်ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားဖြစ်ခဲ့သလို ဆုတံဆိပ်ပေါင်းများစွာလည်းရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်လို လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ပါဦးနော်။ဇာတ်လမ်းလေးက  ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကသမိုင်းဖြစ်ရပ်ကြီးသုံးခုဖြစ်တဲ့ ဂွမ်ဂျူဒီမိုကရေစီအရေးတော်ပုံ၊မြောက်ကိုရီးယားလေယာဉ်မှူး တောင်ကိုရီးယားထဲရောက်ရှိခဲ့မှုနဲ့ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတကို လုပ်ကြံတဲ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ရပ်တွေကို နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဘတ်ဖြောင်းဟိုဆိုတဲ့ နိုင်ငံခြားရေးရာစုံစမ်းစစ်ဆေးရေးအဖွဲနဲ့  ပြည်ထဲရေးဌာနက ညွှန်ကြားရေးမှူး ဂင်ဂျောင်ဒိုတိုနှစ်ယောက်ဟာ မြောက်ကိုရီးယားသူလျှိတစ်ယောက်ကို ဖော်ထုတ်ဖို တာဝန်ပေးခံလိုက်ရပါတယ်။ဒါပေမဲ့ သူလျှိကိုမဖော်ထုတ်နိုင်ဘဲ တစ်ဖက်နဲ့တစ်ဖက် သူလျှိအဖြစ်သံသယဖြစ်လာတဲ့အချိန် သူလျှိရဲ့အစီအစဉ်ကလည်း သမ္မတကိုလုပ်ကြံဖိုဖော်ထုတ်မိသွားပါတယ်။ဒီလိုနဲ့ သံသယအကြီးအကျယ်ကြီးထွားလာချိန်မှာတော့ တကယ်ပဲ သမ္မတရဲ့အသက်ကိုကာကွယ်နိုင်မလား၊သူလျှိကိုရောဖော်ထုတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။Squid Game ကားထဲက မင်းသား Lee Jung-Jae၊12.12: The Day ဇာတ်ကားထဲက မင်းသား Jung Woo-Sung အပြင် Moving ဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး Go Youn-Jung တိုပါဝင်အားဖြည့်ထားပါတယ်။IMDB 6.7 ထိရရှိထားတဲ့ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။

You May Also Like