Men of Plastic

မြန်မာပြည်ပရိသတ်တွေနဲ့မစိမ်းတဲ့လူကြမ်းမင်းသားကြီးမာဒုံဆော့ရဲ့ဇာတ်ကားလာပါပြီ။ မာဒုံဆော့ကိုဖိုက်တင်ပလေးတာပဲကြည့်ရတာရိုးလာတယ်ဆိုရင် ဒီ comedy ကားလေးကိုအကြံပြုပါတယ်

ဇာတ်လမ်းက….
 အာ့ဂူဂျောင်မြိုနယ်မှာ မသိတဲ့လူမရှိတဲ့မြိုအချစ်တော်လူလည် ဂန်ဒယ်ဂု(မာဒုံဆော့)က ပလတ်စတစ်ဆာဂျရီလုပ်ငန်းစထောင်မယ့် ဂျိုထယ်ချွန်းဆိုသူနဲ့ အချိတ်အဆက်လုပ်မိရာကစပါတယ်။ ဂျိုထယ်ချွန်က အရည်အချင်းရှိတဲ့ခွဲစိတ်ဆရာဝန်ဘတ်ဂျီဝူကို ဆေးရုံမှာလာလုပ်စေချင်တာမိုကမ်းလှမ်းပေမဲ့ ငယ်ဂုဏ်နဲ့မာနလုံးဝမချတဲ့ဘတ်ဂျီဝူကတော့မလှုပ်ပါဘူး။ ဒါပေမဲ့သူ့မှာအကြွေးဝိုင်းနေတာသိလိုက်ရတဲ့ ဂန်ဒယ်ဂုကလူလည်ပီသစွာဖြေရှင်းပေးပြီး ဆွယ်လိုက်ချိန်မှာတော့….
ဘတ်ဂျီဝူလက်ခံလိုက်တာမို ဆေးရုံလည်းအကောင်အထည်ပေါ်သွားပြီးချိန်… 
လူလည်ကဂန်ဒယ်ဂုတစ်ယောက်တည်းမဟုတ်တာသိလိုက်ရချိန်….. ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်တဲ့ကားမိုကြည့်ရင်းအဖြေရှာကြည့်ပါ။

You May Also Like