Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Past Lives

    The truth I learned here is,
    you had to leave because you're you.
    And the reason I liked you
    is because you're you.

    အခုချိန်မှာ ငါ လက်ခံထားခဲ့ရတာက

    " အဲဒီ အတိတ်ကာလတွေမှာ
      မင်းဟာ မင်းဖြစ်နေလိုကို ထွက်သွားခဲ့ရတာ
      ငါကလည်း မင်းကို
      မင်းဖြစ်နေလိုသာ ချစ်မိခဲ့တာ " . . . ဆိုတဲ့ 

    အမှန်တရားတစ်ခုပါပဲ  ။

    တကယ်တော့ ဒီဇာတ်ကားရဲ့ Review ကို ဘယ်လိုရေးရမှန်း မသိခဲ့ပါဘူး။ ဒီဇာတ်ကားက effect တွေ creation တွေ ရောစပ်ကာ ရိုက်ပြထားတဲ့ ရုပ်ရှင် ဇာတ်ကားနဲ့မတူဘဲ လက်တွေ့ဘဝထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖြစ်ပျက်နေတဲ့အရွေ့လေးအတိုင်း မှတ်တမ်းတင် record လုပ်ထားတဲ့ ရုပ်ရှင်မပီသတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်နေလိုပါပဲ။ 

    ဒါဆို ဒီ story ကနေ ဘယ်လိုရသမျိုး ရနိုင်မလဲ။ ဘယ်လို အတွေးစမျိုး ဖြစ်တည်လာစေမလဲ။ ဒါကို ပြောရမယ်ဆိုရင်လည်း ဘယ်လိုရသ ဘယ်လိုအတွေးအမြင်ကိုမှ ကြီးကြီးကျယ်ကျယ် ပေးစွမ်းမှာ မဟုတ်ပါဘူး။ 

    ဒါပေမဲ့...ဒါပေမဲ့...ဘာမှ မပေးတာတော့ မဟုတ်ဘူးပေါ့။ ကြည့်လိုပြီးသွားချိန်မှာ စိတ်ထဲ စပြီး‌ဝင်ရောက်လာမယ့် အတွေးစလေးက ဘာလဲဆိုတော့ What if.... (ခဲ့ရင်....ဘာဖြစ်လာမလဲ) ဆိုတဲ့ စကားစုလေးပါ။

    ဒါကတော့ ကျွန်မတိုဖြတ်သန်းခဲ့တဲ့ အတိတ်ကာလ နေ့ရက် အချိန်တွေမှာ လုပ်လိုရပါလျက်နဲ့ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို အဲဒီအချိန်ကာလမှာသာ " ငါအဲဒီလို လုပ်မိခဲ့ရင်၊ လုပ်ခဲ့ရင်...ဘာဖြစ်လာမလဲ" ဆိုတဲ့ အတွေးစမျိုးကို ပြောချင်တာပါ။

    ဒီဇာတ်လမ်း‌လေးထဲကနေ ခုန်ပေါက်ပြီး ထွက်လာမယ့် ဒီရိုးရှင်းတဲ့ စကားစုလေးက ကြည့်ရှုသူရဲ့ရင်ဘက်ကို ဒီ story အရ လာရိုက်ခတ်ရုံမက ကြည့်ရှုသူတိုရဲ့ own story ထဲကိုပါ တိုးဝင်ကာ လာရိုက်ခတ်မှာပါ။ အဲဒီအချိန်မှာ ဒီ story ကပေးမယ့် ရသ၊ အတွေးစကို သေသေချာချာ ခံစားမိလာပါလိမ့်မယ်။ 

    Past Lives ဆိုတဲ့အတိုင်း ပြန်သွားလိုမရနိုင်တဲ့ ပြန်မရနိုင်တဲ့ ထပ်မရနိုင်တော့တဲ့ ကျွန်မတိုရဲ့ အတိတ်ဘဝ၊ အတိတ်ကာလ၊ အတိတ်ရဲ့အချိန်တွေထဲက မဆုံးရှုးချင်ဘဲ ဆုံးရှုးလိုက်ရတဲ့အရာတွေ လူတွေ မမ်မိုရီတွေကို....

    လက်ရှိ ဖြတ်သန်းနေရတဲ့ ပစ္စုပ္ပန်ကနေ တအုံနွေးနွေး ပြန်လည်မြင်ယောင်ရင်း....ရင်ဘက်ထဲမှာ အမျိုးအမည်မသိတဲ့ ဝေဒနာလေးတွေ တိတ်တဆိတ် အက်ကွဲ ရှိက်ငင်ရင်း... နှလုံးသားကို တစ်ဖန်လှုပ်နှိး ထိရှစေလာမှာဖြစ်လို.... 

    ဒီ story လေးရဲ့အဆုံးသတ်ကို ဒီကဗျာလေးနဲ့အတူ ခံစားရင်း ဒီကပေးတဲ့ ရသကြောထဲမှာ ကိုယ်စီ ကိုယ်စီ ဆွေးမြည့်ခဲ့လေတဲ့ အတိတ်မမ်မိုရီတွေကို လွှတ်ချကာ ခဏတာ လွတ်မြောက်ခွင့် ပေးနိုင်ဖို တင်ဆက်ပေးလိုက်ပါတယ်‌နော်။ 

    ငါတိုဟာ
    ဘယ်ရထားမှာ လွဲခဲ့လဲ
    တစ်ခါလွဲရင် 
    နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ 
    ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

    တစ်ရက်ကို
    ငါဘာလိုမစောင့်နိုင်ရမှာလဲ
    မီးလျှံလိုကြိုးတန်းမှာ
    လိမ်ညှစ်ထားတဲ့အဝတ်လို
    ပျောက်ဆုံးနေသောအရာလို
    ငါစောင့်ခဲ့တယ်
    ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

    ကိုယ်ကသာ ပြောစရာရှိပြီး
    သူက ပြောစရာမရှိသော
    ယတိပြတ်မှုကို
    ငါ ချိန်းခဲ့ပါတယ်
    ငါ စောင့်ခဲ့ပါတယ်။

    You May Also Like