Northern Limit Line

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကာလအတွင်း မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြား ရေကြောင်းနယ်နမိတ် ဖြစ်ရပ်မှန် စစ်ပွဲ ကို ရိုက်ကူးထားတဲ့ အရမ်းကို မိမိုက်တဲ့ ကိုရီးယား war movie အမျိုးအစား‌ပါ။ ဒီ ဇာတ်ကားလေးထဲမှာ တောင်ကိုရီးယား ရေတပ် တပ်သားတွေရဲ့ ညီအစ်ကို သံယောဇဉ်ကိုလဲ ပေါ်လွင်အောင် ရိုက်ကူးပြထားပြီး ရိုက်ကွင်းရိုက်ကွက် သရုပ်ဆောင်တွေကလဲ တကယ်ကို မိမိုက်နေတာပါ။ ဒီ့အပြင် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးလဲ ဖြစ်လို အပြင်မှာ တကယ် ဒီလိုပါလား ဆိုတဲ့ ဝမ်းနည်းစရာ ခံစားချက်ကိုလဲ ဒီရုပ်ရှင်ကို ကြည့်ရင်း ခံစားမိစေမှာ‌ဖြစ်ပါတယ်။ အဆုံးထိကြည့်ရင်း ဒီရုပ်ရှင်ရဲ့ တကယ့်ဖြစ်ရပ်မှာ ပါရှိတဲ့ တောင်ကိုရီးယား ကင်းလှည့်သင်္ဘော ၃၅၇ ရဲ့ တပ်သားတွေကိုလဲ မလေးစားဘဲ မနေနိုင်လောက်အောင်ကို ဖြစ်မိစေမှာပါ။ ဒီရုပ်ရှင်က war movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အတွက်တော့ highly recommend ဖြစ်တာကြောင့် သေချာပေါက် အချိန်ပေးပြီး ကြည့်ရှုကြဖို တိုက်တွန်းလိုက်ပါတယ်။

You May Also Like