Jung_E

လူကြိုက်များနေတဲ့ ကိုရီးယား အက်ရှင်သိပ္ပံကားလေးကို ရွေးပြီးတင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းကတော့

၂၂ ရာစုနောက်ပိုင်းမှာ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဉတုပြောင်းလဲမှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကိုစွန့်ခွာပြီး အာကာသမှာနေခဲ့ကြပါတယ်။
အာကာသစခန်းပေါင်းများစွာရှိတဲ့အနက် တချိုသောစခန်းတွေဟာ ကိုယ်ပိုင်ပြည်ထောင်စုအဖြစ်ရပ်တည်ချင်တာကြောင့် ကမ္ဘာမြေနဲ့ စခန်းတွေကိုပုန်ကန်ပါတော့တယ်။
ဒီပုန်ကန်မှုအတွင်းမှာ ကပ္ပတိန်ယွန်းဂျန်ရီဆိုသူက ပါ၀င်တိုက်ခိုက်နေခဲ့ပါတယ်။
သူ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က
ကင်ဆာရောဂါခံစားနေရတဲ့ သမီးလေးယွန်းဆိုဟွန်းကို နေပြန်ကောင်းအောင်ခွဲစိတ်ကုသနိုင်ဖိုပါ။သမီးလေးရောဂါခွဲစိတ်တဲ့နေ့မှာ ယွန်းဂျန်ရီကစစ်တိုက်ရင်း ဒဏ်ရာအပြင်းအထန်ရပြီး ကိုမာ၀င်သွားခဲ့ပါတယ်။သူမကို ခရွန်နိုက်ဆိုတဲ့
နည်းပညာကုမ္ပဏီကြီးတစ်ခုက ဉီးနှောက်ပုံတူပွားခြင်းနဲ့ Ai စက်ရုပ်ထွင်ဖိုစမ်းသပ်ပါတော့တယ်။
ဒီစမ်းသပ်ချက်ကရောအောင်မြင်မှာလား၊ သူ့သမီးလေးအတွက်ရောသူဘာတွေလုပ်မှာလဲ၊ အာကာသစစ်ပွဲကြီးကရောဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားစောင့်ကြည့်ရမှာပါ

You May Also Like