Project Silence

ပရိသတ်ကြီးအတွက် လျှိဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖိုအမျိုးအစားလေးဖြစ်တဲ့ Project Silence ဇာတ်ကားလမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားလေးက ရာသီဥတုဆိုးရွားတဲ့ ညလေးတစ်ည တံတားပေါ်မှာ ယာဉ်မတော်ဆမှုအကြီးအကျယ်ဖြစ်ခဲ့တာကနေ စတင်ပါတယ်။အဲဒီအချိန် စစ်တပ်ကနေလျှိဝှက်ပရောဂျက်တစ်ခုဖြစ်တဲ့ ခွေးတွေကိုစစ်ခွေးတွေအဖြစ် အထူးလေ့ကျင့်ပေးရင်း အမှားအယွင်းဖြစ်ခဲ့တဲ့အတွက် ပရောဂျက်မှာပါဝင်တဲ့ခွေးတွေအားလုံးကို သုတ်သင်ဖို နေရာရွှေ့ပြောင်းခဲ့ပါတယ်။အဲဒီလိုရွှေ့ပြောင်းမယ့်စစ်ကားကလည်း ယာဉ်မတော်ဆမှုမှာပါဝင်ခဲ့ပြီးတော့ သုတ်သင်ရမယ့်ခွေးတွေအားလုံးလွတ်ထွက်သွားပါတယ်။ဒါကိုပြန်လည်ထိန်းချုပ်ဖို ကြိုးစားတဲ့ စစ်တပ်ရဟတ်ယာဉ်ပါ ပျက်ကျပြီး တံတားတစ်ခုလုံး ပြိုကျသွားပါတော့တယ်။စစ်ခွေးတွေဟာလည်း ထိန်းချုပ်မှုကင်းမဲ့ပြီး ပြည်သူတွေကိုတိုက်ခိုက်လာတဲ့အချိန် အစိုးရဘက်ကဘယ်လိုမျိုးတုံပြန်ဆောင်ရွက်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

မကြာသေးခင်ကမှ အဆုံးစီရင်သွားတဲ့ မင်းသားကြီး Lee Sun-Kyun ရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားလေးဖြစ်လို လွမ်းဆွတ်တမ်းတရင်းနဲ့ကြည့်ရှုခံစားလိုက်ကြပါဦးနော်။IMDB 6.1 အထိ ရရှိထားပါတယ်။vv

You May Also Like