“မနေ့ကလယ်သမားလုပ်ခဲ့တဲ့သူက
ဒီနေ့မှာ တော်လှန်ရေးတပ်သားဖြစ်နိုင်တယ်”
ရုပ်ရှင်ဇာတ်ကျောက ၁၉၂၀ ကိုရီးယားတော်လှန်ရေးတပ်နဲ့ ဂျပန်နယ်ချဲ့တိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့ သမိုင်းရုပ်ရှင်ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကိုရီးယားတွေအောင်ပွဲဆင်ခဲ့ပြီး ဒီအောင်ပွဲကတဆင့် နောက်တိုက်ပွဲတွေမှာပါ အောင်လံစိုက်ထူနိုင်ခဲ့တာမို ကိုရီးယားတော်လှန်ရေးအတွက် အရေးပါတဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းမှာ…. တော်လှန်ရေးရန်ပုံငွေတွေယူပြီးပိုပေးရမယ့် ဟွမ်ဟယ်ချောဦးဆောင်တဲ့အဖွဲ ဘုန်ဂူဒုန်ကိုရောက်လာခဲ့ချိန် တော်လှန်ရေးတပ််တိုဂျပန်တပ်တွေကိုချုံခိုတိုက်ချိန်နဲ့ တွေ့ပြီး အတူတူပါဝင်အားဖြည့်တိုက်ခိုက်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အစပိုင်းမှာတော်လှန်ရေးတပ်ဖက်က အင်အား ၄၀ လောက်နဲ့ ဂျပန်တွေကို ချုံခိုတိုက်ခိုက်ရတာမို အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ရင်း ကိုယ်ကိုယ်တိုင်ပါမတင်မကျနဲ့ နောက်ဆုံးဂျပန်တွေကို မျှားခေါ်သွားတဲ့ဆုံမှတ်မှာ တော်လှန်ရေးတပ်တွေဝိုင်းပြီး ဂျပန်တွေကို ဆော်ပုံတွေက ယားနေတဲ့နေရာကိုကျေကျေနပ်နပ်ကြီးကုတ်ရသလို အားရဖိုကောင်းတာမို စစ်ကားကြိုက်သူအပြင် သာမာန်လူတွေပါ တစ်ခါလောက်ကြည့်ဖြစ်အောင်ကြည့်ဖို အကြံပြုပါတယ်။