Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Tune in for Love

    ၂၀၀၀ ခုနှစ် မပြည့်ခင်
    အရင်ကာလ တုန်းက ဖြစ်ပြီး လူငယ် ၂ ယောက် ရဲ့
    ဆယ်ကျော်သက် ကာလ နဲ့ လူလတ်ပိုင်း ကာလ တို့ရဲ့
    ကာရိုက်တာကို လှလှပပ ပြသွားခဲ့ပြီး
    ခေတ်ကာလ နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်တွေ
    မိတ်ကပ်တွေ အဝတ်အစားတွေ အနေအထိုင်တွေ နဲ့
    သီချင်းတွေက အစ 90 ခုနှစ်ဖွားတွေ အတွက်
    ပြန်အောင်းမေ့သတိရစေနိုင်တဲ့ သီချင်းအမျိုးအစားတွေ
    ပါဝင်နေခဲ့ပါတယ်….
    အချစ်ဆိုတာ အရမ်းချစ်ရင် အရမ်းနာကျင်ရတယ်လို့ ပြောကြတယ်
    ဥပမာ ချစ်တဲ့သူကို လွမ်းလို့ သူနဲ့ အတူသွားခဲ့တဲ့နေရာတွေ
    လျှောက်သွားနေမိတာမျိုး အတူသောက်ဖူးတဲ့ ကော်ဖီကို
    ပြန်သောက်နေမိတာမျိုး အတူ နားထောင်ခဲ့ဖူးတဲ့
    သီချင်းကို ပြန်ကြားမိရင် ရင်ခုန်မိတာမျိုးတွေ…
    ဒီ ရုပ်ရှင်ကားထဲက လူငယ် ၂ ယောက်ဟာ
    ချစ်ပေမဲ့ နီးစပ်လိုက် ဝေးလိုက် နဲ့ အချိန်တွေရဲ့
    နောက်မှာ အလွဲလေးတွေ နဲ့ ကခုန်နေခဲ့ကြတယ်…
    ဒီရုပ်ရှင်ကားကို ကြည့်ရင် အိုဗာတင်းတွေ ရိုဆန်တာတွေ
    မျှော်လင့်မထားပါနဲ့ အဲ့ထက်မက တန်ဖိုးရှိတာတွေ
    တွေ့ရမှာပါ…
    ပါးစပ်က မပြောပဲနဲ့ ချစ်တဲ့ အကြောင်းအရာတွေကို
    မျက်လုံးက ပြောဖြစ်ခဲ့တာမျိုး…
    တစ်ယောက်ယောက်ကို ချစ်မိရင် ပျော်ရွှင်ရတာမျိုး
    ချစ်တဲ့သူကို ပွတ်သီးပွတ်သက် လုပ်နေရရင်
    ပျော်ရွှင်ပြီး ရင်ခုန်ခံစားရတာမျိုး စသဖြင့်
    အချစ်စစ်ရဲ့ ရင်ခုန်သံကို ခံစားရမှာပါ
    ဒီရုပ်ရှင်ကို ကြည့်တဲ့သူက ချစ်သူရှိရှိ မရှိရှိ
    ရုပ်ရှင်ထဲကို လိုက်ပြီး ရင်ခုန်ခံစားရမှာပါပဲ…

    You May Also Like