ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးက ၂၀၀၆ ခုနှစ်မှာရိုက်ကူးအောင်မြင်ခဲ့တဲ့ နာမည်ကြီး Tazza: The High Rollers ရဲ့အဆက် IMDB 6.8 အထိရရှိထားတဲ့ Tazza: The Hidden Card (2014) လေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာ Big Bang အဖွဲက T.O.P အပြင် Captivating The King ထဲက မင်းသမီး Shin Se‑kyung ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ပထမကားမှာတုန်းက ဂိုနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးခဲ့သလို ဒီကားထဲမှာတော့ ဒေးဂီ ဆိုတဲ့ လူငယ်လေးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ဒေးဂီဆိုတာကတော့ ဂိုနီရဲ့တူဖြစ်ပြီး ဂိုနီကြောင့် လက်ဖြတ်ခံလိုက်ရတဲ့ အာဂွီနဲ့ပြန်လည်ရင်ဆိုင်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေ၊ဘယ်လိုအသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာ အဆိုတော်မင်းသားချော T.O.P ရဲ့ စူးရှတဲ့အကြည့်တွေ၊ပြတ်သားတဲ့ အပြောအဆိုတွေနဲ့အတူ မင်းသမီးချောလေး Shin Se‑kyung ရဲ့ ခန္ဓာကိုယ်အလှလေးတွေပါ မြင်တွေ့ရမှာလည်းဖြစ်လို ဇာတ်လမ်းလေးထဲမှာ အတူတူစီးမျောရင်းခံစားကြည့်လိုက်ရအောင်ပါ။
 7.1
  7.1
 
															 
															 
															 
															
 
                  
                  
                 .jpg) 
                 .jpg) 
                  
                  
                 .jpg) 
                 .jpg) 
                 .jpg) 
                  
                  
                 .jpg) 
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                  
                 