War of the Arrows

အင်ဂျိုဘုရင် ဂျိုဆွန်းကိုအာဏာသိမ်းပြီးနောက် နမ်ရီတိုမိသားစုသစ္စာဖောက်အဖြစ်စွပ်စွဲခံရကာ တစ်မိသားစုလုံးအသတ်ခံရမည့်အရေးမှထွက်ပြေးလာခဲ့တဲ့ လူမမည်နမ်ရီနဲ့ဂျာအင်းတိုမောင်နှမ၊
အဖေ့မိတ်ဆွေဆီမှာ ၁၃ နှစ်ကြာအတူတူပုန်းရှောင်ရင်း မြားပစ်ပညာကိုတစ်ဖတ်ကမ်းခတ်ကျွမ်းကျင်လာတဲ့နမ်ရီ ဘဝကိုသာမန်အတိုင်းဖြတ်သန်းနေချိန် မန်ချုးရီးယားတိုဂျိုဆွန်းကို ဒုတိယအကြိမ်ကျူးကျော်လာခဲ့တော့....

နိုင်ငံကိုဝင်စီးပြီး ပြည်သူတွေကိုအဓမ္မဖမ်းဆီးသွားချိန်၊ဘုရင်ကိုယ်တိုင်တောင်အညံ့ခံသွားချိန် ဖမ်းဆီးခံရပြည်သူထဲညီမဖြစ်သူဂျာအင်းပါသွားတော့ နမ်ရီကိုယ်တိုင် ညီမဖြစ်သူကိုကယ်တင်ဖိုမိတ်ဆွေတွေနဲ့အတူ ရရာလက်နက်နဲ့တိုက်ပွဲဝင်ရပါတော့မယ် ညီမကိုကယ်မယ့်ဗျုဟာအောင်မြင်ပါ့မလား၊စစ်တပ်နဲ့လူနည်းစု ဘယ်ဖက်ကစတေးမှုပိုများမလဲဆိုတာ ဆုကြီးပေါင်းများစွာဆွတ်ခူးထားပြီး Rating လည်းမြင့်တဲ့ဒီရုပ်ရှင်မှာ လိုက်စီးမြောရင်းအချိန်ပေးထိုက်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို ကြည့်ဖိုအောင်ကြည့်ဖိုတိုက်တွန်းပါတယ်။

You May Also Like