Memoir of a Murderer

ကင်ဗြောင်ဆူဆိုတဲ့အဖိုးကြီးတစ်ယောက်ဟာ အယ်ဇိုင်းမားရောဂါခံစားနေရတဲ့ လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့သမီးရဲ့ချစ်သူဖြစ်တဲ့ ရဲဝန်ထမ်းတစ်ယောက်နဲ့တွေ့ဆုံပြီး ထူးဆန်းတဲ့အရာတစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ မြွေမြွေချင်းခြေမြင်ဆိုသလို ကင်ဗြောင်ဆူက အဲဒီ့ရဲဝန်ထမ်းရဲ့ထူးဆန်းမှုကိုသတိထားမိခဲ့ပါတယ်။ သူတိုနှစ်ယောက်ကြားရဲ့လျိုဝှက်ဆန်းကြယ်မှုတွေထဲမှာ အွန်းဟီဆိုတဲ့အမျိုးသမီးလေးက ဘယ်လိုတွေခံစားရမှာလဲ။ အတိတ်မေ့ရောဂါခံစားနေရတဲ့သူဖြစ်တာတောင် အဖေတစ်ယောက်ရဲ့ မေတ္တာကြီးမားပုံဟာ ကြက်သီးထဖွယ်ကောင်းအောင်အံ့ဩစရာကောင်းလှတာကိုဒီဇာတ်ကားထဲမှာမြင်တွေ့နိုင်ပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ လျိုဝှက်ဆန်းကြယ်မှုတွေ လှည့်ကွက်တွေအများကြီးပါဝင်တာမို သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်တဲ့သူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားဘဲဖြစ်ပါတယ်။

You May Also Like