Citizen of a Kind

ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Citizen of a kind ဆိုတဲ့ကိုရီးယား Drama/ Adventure ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ် ကိုရီးယားနိုင်ငံ ဟွာဆောင်းခရိုင်မှာဖြစ်ပွားခဲ့တဲ့ Voice Publishing နဲ့အလိမ်ခဲ့ခံရတဲ့ ဂင်ဆောင်းဂျာရဲ့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် 
ဇာတ်လမ်းအကျဉ်းကတော့ အိမ်မီးလောင်ပြီး အမှုဖြစ် ဒုက္ခတွေနဲ့ ကြုံနေရတဲ့ ဂင်ဒေါ့ဟီးတစ်ယောက် ဖုန်းဆက်ပြီး ငွေလိမ်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ် အလိမ်ခံရမှုကို ရဲစခန်းကိုတိုင်ကြားတော့လည်း ရဲတွေဘက်က ထိထိရောက်ရောက် မဆောင်ရွက်ပေးကြတဲ့အချိန် ငွေလိမ်သူထံမှ ထပ်မံဆက်သွယ်လာပါတယ် ငွေလိမ်တဲ့အဖွဲအစည်းအကြောင်း သတင်းပေးမှာဖြစ်တဲ့အတွက် ရဲစခန်းကိုဆက်သွယ်ပေးပါဆိုပြီး ပြောလာရာမှ ဂင်ဒေါ့ဟီးတစ်ယောက် အဖွဲအစည်းရှိရာ တရုတ်နိုင်ငံ ကွန်ဒေါင်းမြိုအထိ လိုက်လာခဲ့ပါတော့တယ် ဂင်ဒေါ့ဟီးတစ်ယောက် သူ့ကိုသတင်းပေးသူနဲ့ တွေ့ဆုံခွင့်ရမလား လူလိမ်အဖွဲနဲ့ရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ရဲတွေဘက်ကရော ဘယ်လိုတွေလှုပ်ရှားသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်

You May Also Like